The 1st Yangon International Motor Show 2019
The 1st Yangon International Motor Show 2019
The 1st Yangon International Motor Show 2019
The 1st Yangon International Motor Show 2019
The 1st Yangon International Motor Show 2019

The 1st Yangon International Motor Show 2019

Event Date: 23-27 Jan 2019 (10AM-8PM)

လာမယ့် ဇန်နဝါရီလ ၂၃-၂၇ ရက်နေ့အထိ ရန်ကုန် ကွန်ဗင်းရှင်းစင်တာ (YCC) မှာ ကျင်းပပြုလုပ်မယ့် ပထမအကြိမ် ရန်ကုန် အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ် (Yangon International Motor Show) ပြပွဲကြီးကို ဦးစီးစီစဉ်ထားတာကတော့ GPI Myanmar Co., Ltd. ပဲ ဖြစ်ပါတယ်။

GPI Myanmar Co., Ltd ဟာဆိုရင် အရှေ့တောင်အာရှရဲ့ အကြီးဆုံးသော မော်တော်ယာဉ် ပြပွဲကြီးဖြစ်တဲ့ Bangkok International Motor Show (BIMS) အပါအဝင် မော်တော်ယာဉ်ပြပွဲပေါင်း များစွာကို စီစဉ်ကျင်းပနေတဲ့ ထိုင်းနိုင်ငံ အခြေစိုက် Grand Prix International PLC ရဲ့ ကုမ္ပဏီခွဲ တစ်ခုပင်ဖြစ်ပါတယ်။

Bangkok International Motor Show ဟာ သက်တမ်းအားဖြင့် နှစ်ပေါင်း (၄၀) ရှိခဲ့ပြီ ဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့ထိပ်တန်း ကားကုမ္ပဏီပေါင်းများစွာက ကြီးကျယ်ခမ်းနားစွာဖြင့်ပါဝင်ပြသလျက် ရှိတဲ့ ကမ္ဘာ့အဆင့် မော်တော်ယာဉ် ပြပွဲကြီး တစ်ခုပဲ ဖြစ်ပါတယ်။

ပထမအကြိမ် ရန်ကုန် အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ် ပြပွဲ (၂၀၁၉) တွင်လည်း BMW, Volvo, Toyota, Nissan စသည့် ထိပ်တန်း ကားကုမ္ပဏီပေါင်း များစွာက ပါဝင်ပြသမည်ဖြစ်ပြီး ကားချစ်သူများ အနေနဲ့ ကမ္ဘာကျော် ကားမျိုးစုံကို တစ်နေရာတည်း၌ လေ့လာကြည့်ရှုနိုင်မည် ဖြစ်သလို ကိုယ်တိုင် စမ်းသပ်မောင်းနှင်မှုများလည်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတကာအဆင့် Indoor မော်တော်ယာဉ် ပြပွဲကြီးအဖြစ် မှတ်တမ်းဝင်မည့် ပထမအကြိမ် ရန်ကုန် အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ် ပြပွဲကြီး (YIMS 2019) ကို ရန်ကုန် ကွန်ဗင်းရှင်းစင်တာ (YCC) ၌ ကျင်းပပြုလုပ်ရန် သတင်းပတ် (၄) ပတ်သာ လိုပါတော့သည်။