Myanmar Commerce Fair 2018

Myanmar Commerce Fair 2018

Event Date: 30-2 December 2018

မြန်မာ့စီးပွားကဏ္ဍပိုမိုကောင်းမွန်ဖွံ့ဖြိုးလာစေရန်ရည်ရွယ်ချက်ဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ မြန်မာနိုင်ငံစာရင်းကောင်စီကဦးဆောင်၍ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းနှင့် ဝါဏိဇ္ဇဘွဲ့ရများအသင်း(မြန်မာနိုင်ငံ)တို့ပူးပေါင်းကာ မြန်မာ့ကုန်သွယ်စီးပွားပွဲတော်ကို ပထမအကြိမ်အဖြစ်စည်ကားသိုက်မြိုက်စွာ ကျင်းပတော့မည်ဖြစ်သည်။ မြန်မာနိုင်ငံစာရင်းစစ်ချုပ်အဖွဲ့၏လမ်းဆောင်ညွှန်ကြားမှုဖြင့် မြန်မာ့ကုန်သွယ်စီးပွားပွဲတော် (၂၀၁၈) MCF 2018 ၏ဆောင်ပုဒ်ဖြစ်သော “လူမှု့စီးပွားဖွံ့ဖြိုးထွားစုပေါင်းဆောင်ရွက်တိုင်းပြည်တွက်” ဆိုသည့်အတိုင်း မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် စွမ်းဆောင်နေကြသောမိဘပြည်သူအပေါင်းတို့အားပွဲတော်သို့လာရောက်ရန်လေးစားစွာဖိတ်ကြားအပ်ပါသည်။ လက်ရှိနှင့်အနာဂတ်မြန်မာ့စီးပွားရေးအတွက်ဆွေးနွေးတိုင်ပင်မှုစကားဝိုင်းများကို ဥပဒေထိန်းသိမ်းသူအဖွဲ့အစည်း၊ စက်မှုလုပ်ငန်းခေါင်းဆောင်များ၊ ဘဏ်များ၊ ဥပဒေရေးဆွဲမည့်အသိုင်းအဝန်းမှပုဂ္ဂိုလ်များမှ အောက်ပါအကြောင်းအရာများကို အမေးအဖြေပြုကြမှာဖြစ်ပါသည်။

  • မြန်မာနိုင်ငံ၏လက်ရှိစီးပွားရေးနှင့်ကုန်သွယ်မှုများအကြောင်း
  • ဘဏ်လုပ်ငန်းများနှင့်ငွေကြေးကဏ္ဍ
  • ရင်းနှီးမြှုပ်နှံမှုနှင့်ပုဂ္ဂလိကကုမ္ပဏီများရေးရာ
  • ပြည်ထောင်စုအလိုက်ငွေကြေးခွဲခြမ်းသုံးစွဲမှု
  • ပြဌာန်းထားသောမြန်မာ့အခွန်ဥပဒေနှင့်အနာဂတ်မှာပေါ်ပေါက်လာမည့်အခွန်ဆိုင်ရာဆွေးနွေးမှု
  • အာမခံထားမှုနှင့်ရင်းနှီးမြှုပ်နှံမှုအပေါ်သုံးသပ်ချက်များ
  • အစိုးရနှင့်ပူးပေါင်းထားသောရင်းနှီးမြှုပ်နှံမှုအကြောင်း
  • လာဘ်စားမှုတိုက်ဖျက်ရေးနှင့်အရေးယူမှုများ
  • အနာဂတ်မှာပြောင်းလဲလာမည့် Digital စနစ်မြန်မာ့စီးပွားရေး
  • အနာဂတ်မှာဖွံ့ဖြိုးတိုးတက်လာမည့်အခြေခံအကြောင်းအရာများ
  • လက်ရှိနှင့်အနာဂတ်မှာကျင့်သုံးမည့်နိုင်ငံတကာစနစ်များအတွက် နိုင်ငံတကာအဆင့်မှီငွေကြေးရှင်းတမ်းအတွက်နည်းပညာများနှင့် ကျွမ်းကျင်တဲ့စာရင်းစစ်ပညာရှင်များအကြောင်း

မြန်မာ့စီးပွားပွဲတော်သည် သင့်လုပ်ငန်းနှင့်မြန်မာနိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်လာဖို့အတွက် အထောက်အကူပြုမည်ဖြစ်သည်။